ဒီနေ့တော့ ကျွန်တော်ရဲ့အကြောင်းလေး ကိုရေးပြီ;တင်မယ်လို့စိတ်ကူးပေါ်လာတာနဲ့ ဒီ POST လေးကိုရေးပြီးတင်ဖြစ်တယ် ။ကျွန်တော့်အကြောင်းကိုပြောရရင် ထူးခြားတဲ့အရာကတော့ ......လွဲတဲ့နေရာမှာတော့ ရှေးဘ၀ကကံအကျိုးပေးလို့ပဲပြောရမလောက်အောင်ကို သူမတူအောင်ပါဘဲ ။ငယ်စဉ်တုန်းကတော့ ဆွေမင်း(ဓနုဖြူ) ရဲ့ မြိုင်ရာဇာ တွတ်ပီ ကာတွန်းကို စွဲစွဲမြဲမြဲ ဖက်ခဲ့တယ် ။ ဦးတွတ်ပီ ရဲ့ အမြဲပြောနေကြစကားက" ဒီနေ့ ကံမကောင်းပါလား " တဲ့ ။ ကိုယ့်ကိုကိုယ် သတိထားမိတဲ့အချိန်မှာတုန်းကဆို အဲဒီလို အလွဲ အမှားတွေအတွက် ကိုယ့်ရဲ့နောင်ရေးကိုစဉ်းစားပြီး တော်တော့်ကိုရင်လေးမိခဲ့ရတယ် ။အခုတော့ အရေတွေလည်း ထူကုန်ပြီး အဲဒီလို အလွဲလွဲ အချော်ချော် ဖြစ်နေရတာကို ဂုဏ်ယူမိလာတယ် ။ အလွဲလွဲ အချော်ချော်ဖြစ်တယ်ဆိုတာ ဘယ်လိုမှတမင်တကာလုပ်ယူလို့ရတဲ့ အရာမှမဟုတ်တာ ။အဲဒီလို တမင်တကာလုပ်ယူလို့မရတဲ့ အရာကိုမှ ပိုင်ဆိုင်ထားတဲ့ကျွန်တော့်ရဲ့ အဖြစ်က ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်ပါသလဲ......
***အလွဲလွဲ အချော်ချော်ဖြစ်တယ်ဆိုတာ ကျွန်တော့်အတွက် မှတ်ပုံတင်ထားတဲ့ ကျွန်တော့်ရဲ့မူပိုင် သင်္ကေတအမှတ်အသားလိုဖြစ်နေပါပြီ..........
ကဲ အခုလဲ ကျွန်တော့်ရဲ့အကြိုက်ဆုံး သီချင်းလေးကို တင်ပေးလိုက်ပါတယ်
ဟဟဟ... နည်းနည်းလေးတော့ လွဲနေတယ်
ReplyDeleteလွဲလွဲလေးလည်း ကောင်းသားပဲ :P :P
သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ :D
လွဲနေတယ်ဆိုရင်တော့ နီကိုရဲ နဲ့ နီးစပ်သွားပြီ... :)
ReplyDelete