ကျွန်တော်ရဲ့ BRAINLESS 2012 ဘလော့လေးကိုစပြီးတည်ထောင်ခဲ့တာဟာ အခု ၂၅ .မတ်. ၂၀၁၂ နေ့ဆိုလို့ရှိရင် (၃ ) လတင်းတင်းပြည့်ခဲ့ပါပြီ ။ ကျွန်တော် အခုဒီဘလော့လေးကိုစပြီး တည်ထောင်စကဆိုရင် အမှန်အတိုင်းဝန်ခံရရင် ဘယ်လိုရည်ရွယ်ချက်မှ လေးလေးနက်နက် မရှိခဲ့ပါဘူး ။ ကျွန်တော့်ရဲ့အားလပ်နေတဲ့အချိန်တွေမှာ စိတ်လေလွင့်မှုမရှိရအောင်လို့ဆိုပြီး အပျင်းပြေသဘောနဲ့ ဦးတည်ရာမဲ့ ဖန်တီးရေးဆွဲခဲ့မိခြင်းဖြစ်တယ် ။ ဘလော့ရဲ့အကြောင်းကို ဘာဆိုဘာမှ လေးလေးနက်နက် မသိခဲ့ပါဘူး ဆိုတာ ကျွန်တော်ဝန်ခံပါတယ် ။ ဒီလိုနဲ့ ဘလော့ SAMPLE လေးပြုလုပ်ပြီးတဲ့အချိန်မှာ ကျွန်တော့်ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ဆော့လ်ဝဲ ပေါင်းမြောက်များစွာတွေနဲ့ နပန်းလုံးနေပြီး ( ဆော့လ်ဝဲ တွေနဲ့နပန်းလုံးနေရလို့ သူ့ရဲ့ကိုယ်မှာလဲ ၀ဲတွေတောင်ပေါက်နေပြီလားမသိပါဘူး...P ) လွမ်းပြီးရင်း လွမ်းနေတတ်တဲ့ အလွမ်းပင်လယ်ကြောမှာမျောပါနေရပါတဲ့ အလွမ်းမင်းသားကြီး အိမ်လွမ်းသူ မှ ဘကြီးအောင်နဲ့ စကားစပ်မိပြီး ဘလော့အကြောင်းကို တစေ့တစောင်း သိခွင့်ရခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ဘလော့မှာ SAMPLE အနေနဲ့ POST နှစ်ခုဘဲတင်ရပါသေးတယ် ဘကြီးအောင်က MEMBER ၀င်ပြီး ကျွန်တော့်ကိုအားပေးခဲ့ပါတယ် ။ အဲဒီနောက် ကျွန်တော့ရဲ့ဘော်ဒါကြီးတစ်ယောက်ပါဘဲ ကိုသားငယ် (ခေါ်) ကိုပြည့်ဖြိုးဇော် နဲ့တကွ ကျွန်တော့်ရဲ့ညီလေးဖြစ်သူ CAPRICON တို့ရောက်လာပြီး MEMBER ၀င်ရင်း ဆက်ပြီးကြိုးစားဖို့ရာ အားပေးစကားတွေပြောခဲ့ကြပါတယ်။အဲဒီလိုနဲ ကျွန်တော့်ကိုအားပေးမဲ့သူတွေရှိလာပြီဆိုတော့ကျွန်တော် ဘလော့ကာတစ်ယောက်ရဲ့ ခံစားချက်တွေကို တစ်စထက် တစ်စ သိလာခဲ့ရပြီးဘလော့အကြောင်းတွေကိုလဲ အရင်ကထက်ပိုပြီးလေ့လာဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာ ရသစာပေလေးတွေ၊ စင်ကာပူ နိုင်ငံရဲ့ ထူးခြားတဲ့နေရာလေးတွေ၊ ပျိုမေတို့ရဲ့အလှအပရေးရာနဲ့တကွ၊ နည်းပညာပိုင်းဆိုင်ရာလေးတွေကိုပါဖေါ်ပြပေးနေတဲ့ MY FREEDOM မှ ကန်ဒီနှင့်တကွ ကဗျာကောင်းကောင်းလေးတွေ ကိုဖန်တီး ဖေါ်ပြပေးနေတတ်တဲ့ JASMINE CHO မှ မစပါယ်.. ရယ်..ထူးဆန်းအံ့ဖွယ်ရာလေးတွေ ၊ သတင်းထူး သတင်းဆန်းလေးတွေ ၊နည်းပညာပိုင်းဆိုင်ရာလေးတွေကို ရှာဖွေစုဆောင်းဖေါ်ပြပေးတတ်တဲ့ ဧဒင်အချစ်ပုံပြင် မှ ကိုအောင်အောင် တို့ကလဲ MEMBER ၀င်ရင်းနဲ့ POST တွေမှာ COMMENTS လေးတွေရေးလို့ ကျွန်တော့်ရဲ့ခန္နာကိုယ်ထဲကို ဘလော့ကာပိုးတွေ စီးဝင်စေခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဒီဘလော့လေးကို သံယောဇဉ်ရှိလာရပါတယ် ။ ယခုလက်ရှိ အခြေအနေထက်ပြို့ပီး ကောင်းသည်ထက်ကောင်းအောင် ကြိုးစားပြီး ကျွန်တော့်ဘလော့လေးကိုဝေေ၀ဆာဆာဖြစ်လာစေရန် ဂိမ်းကစားပြီးအချိန်တွေဖြုံးပစ်တာတို့ ၊ ပျင်းရိခြင်းခြောက်ပါးကိုအမြဲကန်ထရိုက်စွဲထားတတ်တဲ့အကျင့်တွေကို အသည်းအသန်နှိမ်နင်းပြီးဒီဘလော့လေးအတွက် ဥာဏ်မှီသလောက်ကြိုးစားတတ်လာခဲ့ရပါတယ် ။ ထို့နောက်တွင်မှာတော့ နည်းပညာလေးတွေကို မျှဝေပေးနေတဲ့ မောင်(စွယ်စုံကျမ်း) မှ ကိုဇော်ဝင်းမောင် ( ဒီဘလော့မှာကတော့ စွယ်စုံကျမ်း ဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင်ကို နည်းပညာ၊ ကဗျာ၊ သုတ၊ ရသ စသည်ဖြင့်အရမ်းပြည့်စုံလှပါတယ် ) ၊ ကဗျာလေးတွေ ၊FLASHSONGSလေးတွေ၊ သတင်းဆိုင်ရာအကြောင်းအရာလေးတွေကိုဖေါ်ပြပေးတတ်တဲ့ လေလွင့်လူ၊ မြန်မာ့သဘာဝအလှ ဓါတ်ပုံလေးတွေကိုရှာဖွေစုစည်းဖေါ်ပြပေးတတ်တဲ့ ၊ သီချင်းကောင်းကောင်းလေးတွေ၊ ကဗျာလေးတွေ၊ ရယ်ရွှင်ဖွယ်ရာ ဟာသလေးတွေကို ရွေးချယ်ဖေါ်ပြပေးတတ်တဲ့ ကိုရင်ဆူး ၊ ကဗျာများ ၊ ဟာသလေးတွေ၊ ရသစာပေ အမျိုးမျိုးတို့ကိုဖန်တီးဖေါ်ပြပေးတတ်တဲ့ မဒမ်ကိုး မှ ကိုရင် နှင့် မဒိုးကန် ၊ စိတ်ဝင်စားဖွယ်ရာကောင်းသော ပုံပြင်လေးတွေ၊ ကဗျာလေးတွေ၊ရသစာပေအမျိုးမျိုးတို့ကို ရှာဖွေစုဆောင်း ဖေါ်ပြပေးတတ်တဲ့ မင်းသားကြီးနှင့် စာတိုပေစများ မှ ကိုပြည့်ဖြိုး ၊ စာပေအနုပညာနဲ့ပတ်သက်တဲ့စာပေတွေ၊ ကဗျာကောင်းကောင်းလေးတွေများစွာကို ဖန်တီးရေးဖွဲ့ခြင်း ၊ကဗျာလေးတွေစုဆောင်းရှာဖွေဖေါ်ပြပေးတတ်တဲ့ သီဟလုလင် မှ ကိုသီဟ၊ ကဗျာလေးတွေကိုအနုပညာပြောင်မြောက်စွာရေဖွဲ့သီကုံး ဖေါ်ပြပေးတတ်တဲ့ နှလုံးသားတစ်ခု၏ စွတ်ကြောင်း မှ ဂီတအနုပညာရှင် ကဗျာဆရာကြီးကိုမိုးဇက်၊ သီချင်းအယ်လ်ဘမ် ကောင်းကောင်းလေးတွေမြောက်များစွာကို ရှာဖွေစုစည်းဖေါ်ပြပေးတတ်တဲ့ ZP. LINTAN မှ ဗဟုသုတများကိုပြန်လည်မျှဝေပေးနေသော အဆိုးလေး ၊ ဟင်းချက်နည်းအမျိုးမျိုး၊ကိုယ်တိုင်ဖန်တီးရေးစပ်ထားတဲ့ ကဗျာလေးတွေ ၊ သုတစာပေတွေ ၊ ရသစာပေတွေ ၊ ကိုယ်တိုင်ဖန်တီးရေသားတဲ့ ၀တ္တုတို လေးတွေကို ဖေါ်ပြပေးတတ်တဲ့ ချစ်စံအိမ် ၊ ရင်သက်ရှုမောဖွယ် ဓါတ်ပုံလေးတွေ ၊ ကဗျာလေးတွေ ၊ အမှတ်ရဖွယ်ရာ အမှတ်တရမှတ်စုလေးတွေ ၊ ရယ်ရွှင်ဖွယ်စရာ ဟာသပုံရိပ်လေးတွေ ၊ မြန်မာနိုင်ငံ၏ ဘုရားပွဲရာသီ ခရီသွားမှတ်တမ်းလေးတွေ စသည်စသည်ဖြင့် ဘာသာရေး၊ ကုသိုလ်ရေးတို့ပါမကျန် စာပေအရေးအသားမှာထောင့်စေ့အောင်ရေသားဖေါ်ပြပေးလေ့ရှိတဲ့ သမီးစံ အစရှိသော ကျွန်တော့်ရဲ့ဘလော့ဂါ ညီ ၊ အစ်ကို ၊အစ်မ ၊ ညီမ များကလည်း တဖက်တလမ်းမှ ကျွန်တော့်ကို အားပေးကူညီပေးခဲ့ကြပါတယ် ။ အဲဒါကြောင့်လဲ ကျွန်တော့်ရဲ့ BRAINLESS 2012 ဘလော့ဟာ ယခုအချိန်ထိ ဆက်လက်ရပ်တည်နေနိုင်ခဲ့ရတာပါ ။ ကျွန်တော်တို့ကျောင်းသားဘ၀တုန်းက ကျောင်းဆရာ/ဆရာမတွေဟာ ယနေ့ခေတ်လို ကျူရှင်တွေ/စာသင်ဝိုင်းတွေ မရှိသလောက်ရှားပါးပြီး မပြောပလောက်သော လစာငွေနှင့်သာ ရပ်တည်နေထိုင်ကြရပါတယ် ။ တစ်နေ့ဆရာက အတန်းထဲမှာစာသင်နေရင်းကနေ တပည့်တွေအားလုံးကို သူ့ဘ၀ရဲ့ခံစားချက်လေးကိုထုတ်ဖေါ်ပြောပြပါတယ်.." တပည့်တို့ရေ...ဆရာတို့ရဲ့ဘ၀ဟာ ဟောဒီကဆောင်ပုဒ်လေးအတိုင်းပါပဲဆိုပြီး " တပြည့်မရှား ၊ တစ်ပြားမရှိ ၊ ပီတိကိုစား ၊ အားရှိပါ၏ " ဆိုတဲ့ဆောင်ပုဒ်ကိုရွတ်ပြပါတယ် ။ ဆရာပြောပြတဲ့ ဆီမဆမ်းနိုင်တဲ့ ငရုပ်သီး လေပါထောင်း(ဆီးမပါခြင်းကြောင့် လေလာရင် ငရုပ်သီးထောင်းဟာ လေနဲ့အတူလွင့်ပါသွားပါတယ်) နဲ့ ချဉ်ပေါင်ရေလုံပြုပ်ဟင်းဟာဆရာ့အတွက်တော့ အင်မတန်စားလို့မြိန်တဲ့ဟင်းကောင်းတစ်ခွက်ပါတဲ့ ။ဒီအကြောင်းလေးကစကားစပ်မိသွားလို့  ကျွန်တော်ငယ်စဉ်က လေးစား၊ကြည်ညိုထိုက်တဲ့ ကျွန်တော့်ရဲ့ဆရာတစ်ယောက်ရဲ့အကြောင်းအမှတ်တရအနေနဲ့  တစေ့တစာင်းဖေါ်ပြပေးရခြင်းပါ။အခုတော့ ဆရာလည်းကွယ်လွန်သွားရှာပါပြီ ။ ကျွန်တော်ဆိုလိုချင်တာကတော့ ကျွန်တော်တို့ဘလော့ဂါတွေဟာလည်း မိမိတို့ရဲ့ဘလော့မှာ နေ့စဉ်လာရောက် အားပေးကြတဲ့သူတွေကို C BOX မှာဖြစ်စေ၊ ၀က်ဘ်ကောင်တာလေးမှဖြစ်စေ ၊ COMMENTS မှတစ်ဆင့်ဖြစ်စေ ၊ MEMBERS မှဖြစ်စေ မြင်တွေ့ရပြီး '"ပီတိကိုစားပြီး အားရှိနေကြရသူများဖြစ်ကြပါတယ် ။ မိမိတို့ရဲ့ သိထား၊တတ်ထား၊ လေ့လာထားတဲ့ နည်းပညာတွေ၊ သုတ၊ ရသ၊ ကဗျာ စသည် စသည်ဖြင့် တို့ကို ကိုယ်ကပြန်လည်မျှဝေလိုက်လို့ လ့လာသူတို့အတွက် အဆင်ပြေသွားတယ်ဆိုလို့ရှိရင် ဘလော့ဂါတစ်ယောက်ရဲ့ရင်ထဲမှာ ပြောလို့မပြတတ်လောက်အောင်ကို အတိုင်းမသိ ၀မ်းသာပီတိဖြစ်မိတယ်ဆိုတာကိုတော့ အားလုံးလဲသိပြီးမို့ အထူးပြောစရာလိုမယ် မထင်ပါဘူး ။ ကျွန်တော်လဲ အဲဒီလိုနဲ့ပဲ ဘလော့ရေးဖို့ အတွက် အင်အားတွေ တိုးခဲ့ရတယ် ။ အဲ့ဒီအတွက်ကြောင့် ကျွန်တော့်ကို အဖက်ဖက်မှ အားပေးကူညီခဲ့ကြတဲ့ အထက်ဖေါ်ပြပါ ကျွန်တော့်ရဲ့ ညီ ၊အစ်ကို၊ ညီမ၊ အစ်မ ဘလော့ဂါအားလုံးတို့အား အထူးပဲကျေးဇူးတင်ရှိပါကြောင်း BRAINLESS 2012 ဘလော့ရဲ့ (၃) လပြည့်မွေးနေ့မှာ အမှတ်တရအနေနဲ့  အထူးတလည်ပြောလိုက်ရပါကြောင်းခင်ဗျား.................... *** ယနေ့မှစပြီး အားလုံးသော ဘလော့ဂါများအနေနဲ့ရော ၊ နည်းပညာ ၊ သုတ ၊ ရသ ၊ ကဗျာ စသည် စသည်ဖြင့် ရှာဖွေလေ့လာလိုက်စားကြသူတို့အနေနဲ့ပါ ဥမမယ် စာမမြောက် ( ၃ )လသားအရွယ် လူမမယ်လေး BRAINLESS 2012 အား မလိမ်မာသည်များ၊ အမြင်မတော်သည်များ တွေ့ရှိခဲ့ပါမူ နည်းမျိုးစုံဖြင့် ဆုံးမသွင်သင်ပေးကြပါရန် ပြောကြားလိုက်ရပါ၏ ။ ထိုသို့မဟုတ်ပါက BRAINLESS2012လေးအားအုပ်ထိန်းသူ BRAINLESS2012@GMAIL.COM အားလည်းမေးပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း ပြောကြားရင်းဖြင့် နိဂျုံးခုပ် (အဲလေ...မှားသွားလို့ ...နိဂုံးချုပ် )လိုက်ရပါသည်ခင်ဗျား...........
*** အထက်ဖေါ်ပြပါရေးသားတွေးခေါ်ဖေါ်ပြချက်များတွင် အမှားအယွင်းတစ်စုံတစ်ရာများရှိခဲ့ပါမူ စာအရေးအသားမကောင်းလှသောကျွန်တော်၏ အပြစ်မို့ သည်းခံ ခွင့်လွှတ်ပေးကြပါရန် ထပ်မံပြောကြားပါရစေ.........
BRAINLESS 2012

brainless နာမည်နဲ့မလိုက်အောင် ဥာဏ်ကောင်းလှပါတယ်။
ReplyDeleteသမီးစံတို့များ ကိုယ့်ဘလော့ကိုယ်တစ်လပြည့်တယ်လည်းမသိ
မသိပြန်လို့ သတိထားနေကာမှ သုံးလပြည့်ပါ ထပ်မသိ
ခြောက်လဆို ဝေးရောလေ.. :P
အမှတ်ထား၊သတိရတတ်တဲ့အတွက် brainless လေးစားပါတယ်။
ပီတိကိုစား အားရှိသူများဆိုတဲ့ အဆိုကိုကိုလည်း.. ထပ်ဆင့်ထောက်ခံပါတယ်ရှင်း)
Brainless2012 လေးသုံးလပြည့်မှသည်..
နောင်နှစ်ပေါင်းများစွာတိုင်အောင် အုပ်ထိန်းသူကဲ့သို့ သက်ရှည်ကျန်းမာစွာနဲ့
ဆံဖြူ၊သွားကျိုး၊ခါးကိုင်း၊နားထိုင်းသည်ထိ... :D
ဘလော့တာဝန်များကို ကျန်းမာစွာ၊ထမ်းဆောင်နိုင်ပါစေကြောင်း...
ဆုတောင်းပေးပါတယ်။း)
ခင်မင်စွာဖြင့်
ကျုပ်က မျက်စိမကောင်းဘူးဗျ..
ReplyDeleteဘက်ဂရောင်းကအနီ..နောက် ပိုစ့်ဘက်ဂရောင်းအနက်ထဲမှာလည်း အနီပဲဆိုတော့
သေချာ မဖတ်နိုင်တာ တောင်းပန်တယ်ဗျာ။။
မျက်စိမကောင်းတဲ့လူအတွက်တော့ စာဖတ်ရတာ အတော့ကို အဆင်မပြေဘူး..
ဖြစ်နိုင်ရင် ပြောင်းအုံးဗျာာာ..လုပ်အုံး :)
အားပေးနေလျှက်ပါဗျာ..ဘလော့ဂါဆိုလေးစားပြီးသား ဘာမှမရဘဲ အပင်ပန်းခံစာတွေရေးတင်နိုင်လို့ လေ...အောင်မြင်ပါစေဗျာ
ReplyDeleteဘလော့လေးအောင်မြင်တည်တံ့ပါစေ
ReplyDeleteအားပေးနေပါတယ်..ဘလော့ဂါမောင်နှမများနဲ့ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ
၃ လမှသည် ၃ နှစ်၊ ၃ နှစ်မှသည် နှစ် ၃၀၊ နှစ် ၃၀ မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်တည်တံ့စွာ ရပ်တည်နိုင်ပါစေ။ စာတစ်ပုဒ်လုံးမှာ ဘလော့ဂါ ညီအစ်ကိုမောင်နှမတွေ စုံစုံလင်လင် တွေ့လိုက်ရလို့ ဝမ်းသာမိပါသည်။ ဖတ်ရင်းနဲ့ ကြည်နူးရပါတယ်။ Cheer Brainless! :)
ReplyDelete၃လပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာသို့တိုင်အောင် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...
ReplyDeleteအမြဲအားပေးနေပါတယ်... Always.. Forever :D :D
မိုးဇက်ကို ဂီတအနုပညာရှင် ကဗျာဆရာကြီးမိုးဇက်လို့
သူပြောနေကျအတိုင်း ရေးထားတာကို သဘောကျတယ် ကွိကွိ (လက်အုပ်ပြီး ရီသွားသည် :P)
ငါ့သယ်ရင်းကြီး ၃ လတောင်ပြည့်ပါပေါ့လား.....အဲဟုတ်ပေါင်.....ငါ့သယ်ရင်းဘလော့ကြီး ပြောပါတယ်.....ဟဲဟဲ....နောက်တာပါကွာ......မင်းပြောသလို ပီတိစား အားရှိပြီး.....နှစ်ပေါင်းများစွာ...အစဉ်ဆက်မပြတ် တင်ဆက်လျှက် အောင်မြင်ပြည့်စုံသော ဘလော့လေး တည်ဆောက်နိုင်ပါစေ......
ReplyDeleteဧဒင်အောင်အောင်ဆီကိုရောက်ရင်းတွေ့လို့ဝင်လာတာဘလော့လေးဒီ့ထက်မကတိုးတတ်ပါစေလို့
ReplyDeleteဆုတောင်းပေးလိုက်ပါတယ်ဗျာ
၃ လသားရေ
ReplyDeleteနောင်နှစ် ၁၀၀ တိုင် စာတွေရေးနိုင်ပါစေလို့
၃ လဆိုရင်မူကြိုတက်မရသေးဘူးနော်.....
မူကြိုတက်ရင်လာခေါ်မယ်တူတူတက်ကြတာပေါ့
အမြဲခင်တဲ့ sis jasmine
နာ့ကိုများဝဲပေါက်တယ်လေးဘာလေးနဲ့ ဟင်းဟင်း...စော်ဘွားကြီး
ReplyDelete(၃)လမှသည် နှစ်ပြည်များစွာဆီသို့  အောင်မြင်မှုများနှင့်ချီတက်သွားနိုင်ပါစေလို့  ဆန္ဒပြုလျက် ပျော်ရွှင်ပါစေခင်ဗျာ။
ReplyDeleteခင်မင်လေးစားလျက်-လေလွင့်လူ
သူငယ်ချင်းလေးရဲ့ဘလောက်အမြဲလန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..ဂုဏ်ယူပါတယ်..
ReplyDelete