ဂုဏ်ပြုချင်လွန်းလို့
ဖရက်" သည်အရက်နှင့်ပတ်သတ်ပြီး အတော်လေး စိတ်မကောင်းဖြစ်နေမိလေ၏ ။ထို့ကြောင့်စိတ်ကို အတတ်နိုင်ဆုံးကြိုးစားထိန်းချုပ်ပြီး အရက်မသောက်ဖြစ်အောင် ဆင်ခြင်ပြုပြင်တော့မည်ဟု ဆုံးဖြတ်ချက်ချထား၏ ။အရက်ဆိုင်ရှေ့ရောက်သည့်အခါ ဆိုင်ထဲမ၀င်ဘဲ တန်းတန်းမတ်မတ် ဆက်လျှောက်သွားနိုင်ဖို့ ပြင်ဆင်ထားလေ၏ ။
အရက်ဆိုင်နှင့်နီးလာသောအခါ သူသည် သူ့ကိုယ်သူ သတိပေးနေ၏ ။" မင်း...ရပါတယ်ကွာ ၊ ချုပ်တည်းနိုင်ပါတယ် "
အရက်ဆိုင်ထဲဝင်ချင်စိတ် ၊ တစ်ခွက် ၊တစ်ဖလား မော့ချင်စိတ်ကို ဖိနှိပ်ထားရသည်မှာ တကယ်တော့မလွယ်ကူလှပေ ။ သို့သော် ဖရက်" အောင်အောင်မြင်မြင် ချုပ်တည်းနိုင်လိုက်ပါ၏ ။အရက်ဆိုင်ထဲမ၀င်ဘဲ ကျော်လာနိုင်ခဲ့ပါတယ် ။ ယခုဆိုလျှင် သူဟာ မီတာ-၅၀ လောက် ကျော်လာနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ထို့ကြောင့် ဖရက်" က ၀မ်းသာအားရစွာနဲ့ သူ့ကိုယ်သူ ချီးကျူးစကား ဆိုလိုက်ပါတယ် .." မင်းထိန်းနိုင်မှန်း ငါစောစောကတည်းကသိပါတယ်လေ ၊ မင်းသိပ်ကိုတော်ပါပေတယ်ကွာ ၊ ကဲ...ငါတို့ပြန်လှည့်ကြရအောင် ၊ မင်းကိုဂုဏ်ပြုတဲ့အနေနဲ့ ငါ မင်းကိုအရက်ဝယ်တိုက်ပါ့မယ်ကွာ....." လို့ဆိုလိုက်ပါသတဲ့ ။။။။။။။။။။။။။
***အထက်ဖေါ်ပြပါ ဟာသ စာသားများသည် ကျွန်တော် BRAINLESS ၏ ကိုယ်ပိုင်မဟုတ်ဘဲ စာရေးဆရာ ခင်မောင်တိုး(မိုးမိတ်) ၏" အရက်သမား ဟာသများ " စာအုပ်မှကောင်းနိုးရာရာ ထုတ်နှုတ်ပြီး ဖေါ်ပြပေးခြင်းသာဖြစ်ပါကြောင်း..................
ရယ်မောခြင်းဖြင့် ဘ၀အမောတွေ ပြေနိုင် ကြပါစေ..

No comments:
Post a Comment